2026.04.25
fleeting spring | တစ်ခဏの春

花は、咲くよりも、消える瞬間のほうが記憶に残る気がします。
ပန်းတွေဟာ ပွင့်တဲ့အချိန်ထက် ပျောက်ကွယ်သွားတဲ့အချိန်မှာ ပိုပြီး စိတ်ထဲမှာ ထင်ကျန်နေတတ်တယ်လို့ ခံစားမိတယ်။။။

Near Gifu Station | 岐阜駅近く(加納大石町付近)
こんにちは、ファミリーケア城東のピョーです。今回のブログは、
ミャンマーの方にも読んでいただけるよう、日本語と母国語の両方で掲載しています。
မင်္ဂလာပါ၊ Family Care Jyoto မှ ピョーです。
ဒီဘလော့ဂ်ကို မြန်မာလူမျိုးများလည်း ဖတ်ရှုနိုင်ရန် ဂျပန်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားတင်ဆက်အပ်ပါသည်။

Under the Blossoms | 桜の下で
3月下旬に、お花見レクリエーションを行いました。岐阜駅近くの川へ行き、
ご利用者さんと一緒にさくらを見ました。当日は天候にも恵まれ、穏やかな時間を
過ごすことができました。
お茶を飲みながら、自然と会話も弾み、笑顔が多く見られ印象的でした。
(そういえば、ミャンマーにいる頃、両親や近所の人たちとミャンマーのラペットを食べながら
満月を見てた時が懐かしいなあー)
မတ်လနှောင်းပိုင်းလောက်မှာ ပန်းကြည့်အပန်းဖြေမှုတစ်ခု လုပ်ဆောင်ခဲ့တယ်ကွယ်..တို့ဌာနေက ဘိုးဘွားတွေနဲ့အတူ ဂိဖုဘူတာအနီးကမြစ်ဘေးလေးသွားရင်း
ဆာကူရာပန်းကြည့်ခဲ့ပါတယ်ပေါ့..
ရာသီဉတုလေးကလည်းသာသာယာယာရှိပြီး စိတ်အေးလက်အေးနဲ့အချိန်တွေကုန်ဆုံးနိုင်ခဲ့တယ်… ရေနွေးကြမ်းလေးလည်းသောက်ရင်း စကားတွေလည်း ဖောင်ဖွဲ့ရင်း ဘိုးဘွားတွေရဲ့အပြုံးတွေ မြင်ရတာက ဒီလှုပ်ရှားမှုရဲ့ရလဒ်တခုပေါ့ကွာ။ စကားမစပ် အိမ်နီးချင်းတေနဲ့မိဘတွေနဲ့ လက်ဖက်သုပ်လေးစားရင်း လပြည့်ညကိုခံစားခဲ့တဲ့အချိန်တွေကို လွမ်းလိုက်တာ….

Fleeting Spring | 束の間の時間
4月になりファミリーケア城東では、日本の着物を着て、抹茶と和菓子を楽しんだりもしました。
着物はとても素敵で、みなさんすごく似合っています。
ဧပြီလလည်းရောက်ရော ကီမိုနိုလေးဝတ်ပြီး မာချာနဲ့ဂျပန်ရိုးရာမုန့်တေလုပ်စားရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပုံတဖုံ… ကီမိုနိုဟာလူတိုင်းနဲ့လိုက်ဖက်ပြီး လှပတင့်တယ်ပါကြောင်း ကြော်ငြာတဖြတ်ဝင်မယ်ကွယ်

Spring Ritual | 春のしつらえ

Sweet Harmony | 甘い時間
「ミャンマーにもさくらはあるの?」とよく聞かれます。ミャンマーにもさくらはありますが、
北部の寒い地域に限られています。私の地元にはありませんが、
その代わりにパダウ(Padauk flower)(ミャンマーの国花)という花があります。
“မြန်မာနိုင်ငံမှာလည်း ဆာကူရာပန်း ရှိလား” လို့ အမေးခံရလေ့ရှိတယ်… ဆာကူရာဟာမြန်မာမှာလည်း ဖူးပွင့်ပါတယ် သို့ပေသိ
အေးတဲ့မြောက်ဖျားဒေသတွေမှာပေါ့ကွယ် ပူနွေးတဲ့ တို့မြို့လေးမှာတော့ မရှိခဲ့ပေဘူး…သို့သော်ငြားလည်း မြန်မာမှာက ဆာကူရာပန်းနဲ့ဂုဏ်ရည်တူ နိုင်ငံ့ကိုယ်စားပြု ပိတောက်ဆိုတဲ့ ပန်းတမျိုးရှိတယ်ကွယ်…

ミャンマーでは、パダウを頭や首に飾り、水かけ祭りを楽しみます。
パダウは乾季のあと、最初の雨で一気に咲きます。さくらのように「散る」花ではなく、
咲いている時間そのものが短いのが特徴です。
မြန်မာတွေဟာ ပိတောက်ပန်းကို ခေါင်းမှာပန်းအဖြစ် လည်ပင်းမှာလည်ဆွဲပန်းကုံးအဖြစ် အလှဆင်ပြီး သကြင်္န်ရေသဘင်ပွဲတော်ကို ဆင်နွှဲလေ့ရှိတယ်။
ပိတောက်ပန်းဟာ နွေရာသီအပြီး ပထမဆုံးမိုးရွာချိန်မှာ တစ်ပြိုင်နက်တည်း ဖူးပွင့်တယ်။
ဆာကူရာပန်းလို ကြွေကျပန်းအဖြစ်မဟုတ်ဘဲ ဖူးပွင့်ချိန်တိုတောင်းကာလလေးကို ခံစားရတာက ပိတောက်ပန်းရဲ့ဝိသေသတခု။

Wearing Spring | 春をまとう
さくらもパダウも、一気に咲いて、一気に過ぎていきます。その姿は美しい反面、
どこか寂しさも感じます。私たちの関わりの中にも、長くは続かない時間があります。
日々の中で生まれる何気ない会話や笑顔も、その一瞬の積み重ねです。
そのひとつひとつを大切にしながら、これからもご利用者さんとの関わりを深めていきたいと思います。
ဆာကူရာရော ပိတောက်ပန်းရောဟာ တစ်ပြိုင်နက်တည်း ပွင့်ပြီး တစ်ပြိုင်နက်တည်း ကုန်ဆုံးတတ်တယ်…
အဲဒီပုံရိပ်က လှပတယ် တစ်ဖက်မှာလည်း ဝမ်းနည်းမှုကို ခံစားရစေတယ်…ထို့အတူ ကျွန်တော်တို့၏ ဆက်ဆံရေးတွေမှာလည်း တိုတောင်းလှတဲ့အချိန် အခိုက်အတန့်တွေရှိတယ်…နေ့စဉ်ဘဝထဲက ရိုးရှင်းတဲ့စကားပြောဆိုမှုတွေ အပြုံးတွေဟာလည်း ထိုအခိုက်အတန့်တွေရဲ့စုစည်းမှုအချို့…အဲ့ဒီ့တိုတောင်းလှတဲ့အချိန်အခိုက်အတန့်တွေကို တန်ဖိုးထားရင်း အဘိုးအဘွားတွေကို ကောင်းမွန်စွာပြုစုစောင့်ရှောက်ရင်း

Blooming Together | 一緒に咲く花
またどこかで会いましょう。
နောက်မှပြန်တွေ့မယ်။
違う場所、違う音で、また今度。
Different place, different sounds
– until next time.
ကျွန်တော်နဲ့အိမ်ရှေ့ဂစ်တာသမား→
ကျွန်မနဲ့အလုပ်ထဲကဂစ်တာသမား→
